About Saetanar

“စေတနာ”

စေတနာ အဖွဲ့ဧ။် “ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပညာသင်ကြားခြင်း” စီမံကိန်းသည် ဂျပန်နိုင်ငံ နိပွန် ဖောင်ဒေးရှင်းဧ။် ထောက်ပံ့ကူညီမှုဖြင့် ဒေသခံ ပြည်သူလူထုဧ။် ပူးပေါင်း ကူညီကြိုးပမ်းမှု တို့ကို နယ်စပ် ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ပေါင်းစပ်ညှိနှိုင်း၍ စေတနာအဖွဲ့မှ အကောင် အထည်ဖော် ဆောင်ရွက်ပါသည်။

နိဒါန်း

ပြည်ထောင်စု မြန်မာနိုင်ငံ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး နှင့် စည်ပင်သာယာရေး နှင့်ဝန်ကြီးဌာန၊ နယ်စပ် ဒေသနှင့်တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ဂျပန်နိုင်ငံ နိပွန် ဖောင်ဒေးရှင်း၊ အစိုးရ မဟုတ်သော စေတနာအဖွဲ့တို့ ပူးပေါင်း ၍ “ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပညာသင်ကြားခြင်း စီမံကိန်း(Education For Peace and Development)” ကို ၂၀၀၂ခုနှစ်၊ ဇွန်လ(၁) ရက်နေ့မှ ၂၀၀၇ခုနှစ်၊ မေလ(၃၁)ရက်နေ့အထိ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်း တွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။

မြန်မာနိုင်ငံကျေးလက် ဒေသများတွင် အခြေခံပညာသင်ယူနိုင်မှု အခွင့်အရေး၊ ပညာအရည် အသွေး တိုးတက် မြင့်မားစေရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက်ရည်ရွယ်၍ ဤစီမံကိန်းကို အကောင် အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပါသည်။ စီမံကိန်း(၅)နှစ်တာကာလအတွင်း ရှမ်းပြည်နယ် တောင် ပိုင်းနှင့် မြောက်ပိုင်းတွင် အခြေခံပညာ မူလတန်းကျောင်းပေါင်း(၁၀၂)ကျောင်းကို ဆောက်လုပ်ခဲ့ပါသည်။ စီမံကိန်း အဆင့်-၂ ကို ၂၀၀၇ ခုနှစ်၊ ဇွန်လ(၁)ရက်နေ့မှ ၂၀၁၂ခုနှစ်၊ မေလ(၃၁) ရက်နေ့အထိ ရှမ်းပြည်နယ် တောင်ပိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် အရှေ့ပိုင်းတွင် ဆက်လက် အကောင် အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ပါသည်။

စီမံကိန်းလုပ်ငန်းဆောင်ရွက်ရခြင်း

မြန်မာနိုင်ငံ ကျေးလက်ဒေသများတွင် စာသင်ခန်းများ လုံလောက်မှုမရှိခြင်း၊ ကျောင်းဆောင် များ ဟောင်းနွမ်းပျက်စီးနေခြင်း၊ ဆရာ / မဦးရေလုံလောက်မှုမရှိခြင်း၊ အချို့သော ကလေးများမှာ မိဘစီးပွားရေး အခြေအနေ အရ ပညာသင်ယူနိုင်မှုမရှိခြင်း စသည့်အချက်များသည် ပညာသင်ကြားရေးအတွက် ရင်ဆိုင် နေရသည့် အခက်အခဲများဖြစ်ပါသည်။ ထိုအခက် အခဲများကို ကျော်လွှား နိုင်ရန် အတွက်ရည်ရွယ်၍ အောက်ပါ လုပ်ငန်းစဉ်(၃) ရပ်ဖြင့် စေတနာအဖွဲ့၏ “ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပညာသင်ကြားခြင်း (EPD)စီမံကိန်း” ကိုအကောင်အထည် ဖော်ဆောင်ရွက် ပါသည်။
(က) ဒေသခံပြည်သူများ၏ပူးပေါင်းပါဝင်ကြိုးစား အားထုတ်မှုဖြင့်ကျောင်းဆောင်သစ် ဆောက်လုပ်ခြင်း။
(ခ) ကျောင်းဆောင်ပြုပြင်ထိန်းသိမ်းခြင်း၊ ဆရာ / မများအား ထောက်ပံ့ပေးခြင်း၊ ဆင်းရဲနွမ်းပါး သောမိသားစုဝင် ကလေးများ အား ပညာသင်စရိတ် ထောက်ပံ့ပေးခြင်းနှင့် ကျေးရွာဖွံ့ဖြိုး ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် ရန်ပုံငွေ ရရှိစေပြီး၊ ဒေသ အခြေအနေနှင့် ကိုက်ညီ သော ကျေးရွာဖွံ့ဖြိုးရေး ၀င်ငွေတိုး လုပ်ငန်းများကို ဒေသခံ ပြည်သူများက အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန် ပံ့ပိုးခြင်း။
(ဂ) စိုက်ပျိုးရေး ကိုအခြေခံသော ဒေသခံပြည်သူများ အနေဖြင့် မိမိတို့သား / သမီးများ ၏ ပညာရေး ကို ပြန်လည် အာရုံ စိုက်လာနိုင်ရန် သွယ်ဝိုက် သောနည်းဖြင့် ဆက်နွယ်လျက်ရှိသည့် စိုက်ပျိုးရေး ထွက်ကုန် ပစ္စည်းများ အရည် အသွေးမြင့်မားပြီး ပိုမိုထွက်ရှိနိုင်သော သဘာဝ အခြေခံ စိုက်ပျိုးနည်းစနစ်များ သင်ယူလေ့လာနိုင်ရန် ပံ့ပိုးကူညီဆောင်ရွက်ပေးခြင်း။

စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မှု

နိပွန်ဖောင်ဒေးရှင်း နှင့် စေတနာအဖွဲ့သည် ပညာရေးနှင့် ပတ်သက်သော ကူညီထောက်ပံ့မှုများ ကိုကျေးလက် ဒေသများတွင် ဆောင်ရွက်လျက်ရှိသော်လည်း အဓိကရည်မှန်းချက်မှာ ဒေသခံပြည်သူ များ၏ ကြိုးပမ်း ဆောင်ရွက်မှုဖြင့် ဖွံ့ဖြိုး တိုးတက်သော ကျေးရွာများ အဖြစ်သို့ ရောက်ရှိရန်ဖြစ် ပါသည်။ ဤသို့ ဆောင်ရွက်ခြင်းဖြင့် ဒေသခံ ပြည်သူများအကြား စည်းလုံး ညီညွှတ်မှု၊ ရပ်ရွာ အတွင်းစီမံခန့်ခွဲ ကျွမ်းကျင်မှုနှင့် လူနေမှု အဆင့် အတန်းမြင့်မားလာစေရန် လုပ်ဆောင်နိုင်သည့် စီးပွားရေး အခြေခံ ကောင်းများ ရရှိလာနိုင်မည်ဖြစ်ပါသည်။ ဤစီမံကိန်းသည် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိက ၀င်ပေါက်တစ်ခုအနေဖြင့် မှတ်ယူ နိုင်ပါသည်။ စေတနာအဖွဲ့ သည် ကျောင်းများကို ရွေးချယ်ရာ၌ ဒေသခြံ ပည်သူများ၏ စိတ်အား ထက်သန်မှု၊ ပူးပေါင်းပါဝင် ဆောင်ရွက်လိုသောစိတ်ဓါတ်၊ ကိုယ့်အားကိုယ် ကိုးစိတ်ဓါတ် တို့ကို လေ့လာ သုံးသပ်ပြီး ရွေးချယ်ပါသည်။ ရွေးချယ်ခြင်း ခံရသောကျေးရွာများသည် မိမိဒေသ ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း အား ဆောင်ရွက် နိုင်မည့်နည်းတူ အနာဂတ်တွင် ပညာရေး ဖွံ့ဖြိုးတိုးတက်စေရန် အလား အလာ ကောင်းမွန်သော ဒေသဖြစ်ရန်လိုအပ်ပါသည်။

စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မှု အဆင့်များမှာ နှစ်စဉ်ဇွန်လတွင် ယခင်နှစ်က ဆောင်ရွက် ခဲ့သော စီမံကိန်း လုပ်ငန်းများကို ပြန်လည်လေ့လာ သုံးသပ်ခြင်း၊ စက်တင်ဘာလ- ယခုနှစ်စီမံကိန်း ဆောင်ရွက်ရန် အတွက် သတ်မှတ်ဒေသများသို့ ကွင်းဆင်း လေ့လာခြင်း၊ အောက်တိုဘာ လ- ယခုနှစ်စီမံကိန်း ဆောင်ရွက်မည့် ကျောင်းများကိုရွေးချယ်ခြင်းနှင့် နတလ၏ အတည်ပြုချက်ရယူခြင်း၊ နိုဝင်ဘာလ- ကျောင်း ဆောက်လုပ်ရေး လုပ်ငန်းစတင်ခြင်းနှင့် နောင်နှစ် ဧပြီလတွင် ကျောင်းဆောင်သစ်ကို ပညာရေး ၀န်ကြီးဌာနသို့ လွှဲပြောင်း ပေးအပ်ခြင်း တို့ဖြစ်ပါသည်။ ဒေသခံ ပြည်သူများသည် ကျောင်းဆောင်သစ် ဆောက်လုပ်ရေး လုပ်ငန်းကို ဆောင်ရွက် နေစဉ်ကာလအတွင်း ကျေးရွာ ဖွံ့ဖြိုးရေး ၀င်ငွေတိုးလုပ်ငန်း စီမံချက်ကို ရေးဆွဲရပါမည်။ ကျောင်းဆောက် လုပ်ရေး လုပ်ငန်းပြီးသည့်နောက် ကျေးရွာဖွံ့ဖြိုးရေး ၀င်ငွေတိုးလုပ်ငန်းများကို ကျေးရွာဖွံ့ဖြိုးရေး ကော်မတီနှင့် ဒေသခံပြည်သူများက တာဝန်ယူ အကောင်အထည် ဖေါ် ဆောင်ရွက် ရမည်ဖြစ်ပါသည်။ ကျေးရွာဖွံ့ဖြိုးရေး ၀င်ငွေတိုး လုပ်ငန်းများကို ပြန်လည် လေ့လာကြီးကြပ်ခြင်း၊ စိုက်ပျိုးရေး လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရန်နှင့် နည်းပညာ ပြန့်ပွားစေရန် ဆောင်ရွက်ချက် များတို့နှင့် ပတ်သက်ပြီး အချိန်ကာလ သတ်မှတ်ထားခြင်း မရှိပါ။

စေတနာအဖွဲ့သည် ကျောင်းဆောင်သစ် ဆောက်လုပ်ရေး လုပ်ငန်းကုန်ကျစရိတ် ၁၀၀% အပြည့်အ၀ ထောက်ပံ့ပေးခြင်း မျိုးမဟုတ်ဘဲ ဒေသခံပြည်သူ များ၏ တတ်စွမ်းသမျှ ပူးပေါင်းပါဝင်မှု အင်အားကိုရယူပြီး တည်ဆောက်ခြင်း ဖြစ်ပါသည်။ ကျောင်းဆောင်သစ် ဆောက်လုပ်ရေး လုပ်ငန်းပြီးသည့်နောက် ဒေသခံ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုများကို ပြန်လည် တွက်ချက်ပြီး ကျေးရွာ ဖွံ့ဖြိုးရေး ရန်ပုံငွေအဖြစ် စေတနာအဖွဲ့မှ ကျေးရွာသို့ ငွေကြေးပြန်လည်ပံ့ပိုးပါသည်။ အဆိုပါ ရန်ပုံငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေးကော်မတီ နှင့်ဒေသခံ ပြည်သူများသည် ကျေးရွာဖွံ့ဖြိုးရေးဝင်ငွေတိုး လုပ်ငန်းကို စီမံချက်ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက် ရပါမည်။ ၀င်ငွေတိုး လုပ်ငန်းမှရရှိသော အသားတင်ဝင်ငွေကို ပညာရေးကဏ္ဍ အတွက် ဦးစားပေး ပံ့ပိုးပြီးနောက် ကျန်သော ငွေကြေးကို ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အသုံးပြုနိုင်ပါ သည်။ (ပုံ-၃) ဤသို့ လုပ်ဆောင်ခြင်းဖြင့် ဒေသခံပြည်သူများ သည် ကိုယ့်ကိုကိုယ်ယုံကြည်မှု အပြည့်အ၀ရှိလာမည် ဖြစ်ပြီး လုပ်ငန်းစီမံချက် ရေးဆွဲခြင်းနှင့်စီမံခန့်ခွဲခြင်း၊ ငွေကြေး စနစ်တကျသုံးစွဲခြင်းနှင့် အသုံးငွေစာရင်း ဇယားများ ပြည်စုံမှန်ကန်စွာ ထိန်းသိမ်းခြင်း စသည့်အရည်အသွေးများလည်း မြင့်မားလာမည် ဖြစ်ပါသည်။

နိဂုံး

နိပွန်ဖောင်ဒေးရှင်းနှင့် စေတနာအဖွဲ့သည် ၂၀၀၂-၂၀၀၃ပညာသင်နှစ်တွင် အခြေခံပညာ မူလတန်း ကျောင်း(၁၀)ကျောင်း (ရှမ်းပြည်နယ်တောင်ပိုင်း- ၆ကျောင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်း-၄ကျောင်း)၊ ၂၀၀၃-၂၀၀၄ပညာ သင်နှစ်တွင် အခြေခံပညာ မူလတန်းကျောင်း(၃၀)ကျောင်း (ရှမ်းပြည် နယ်တောင်ပိုင်း- ၂၀ကျောင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်း-၁၀ကျောင်း)၊ ၂၀၀၄-၂၀၀၅ပညာသင်နှစ် တွင် အခြေခံ ပညာ မူလတန်းကျောင်း (၂၁)ကျောင်း (ရှမ်းပြည်နယ် တောင်ပိုင်း – ၁၀ကျောင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်း- ၁၁ကျောင်း)၊ ၂၀၀၅-၂၀၀၆ပညာ သင်နှစ် တွင် အခြေခံပညာ မူလတန်း ကျောင်း(၂၁)ကျောင်း (ရှမ်းပြည်နယ် တောင်ပိုင်း-၁၁ကျောင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်း-၁၀ ကျောင်း)၊ ၂၀၀၆ -၂၀၀၇ပညာသင်နှစ်တွင် အခြေခံ ပညာမူလ တန်းကျောင်း (၂၀)ကျောင်း (ရှမ်းပြည်နယ် တောင်ပိုင်း – ၁၀ကျောင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်း – ၁၀ကျောင်း) စသည်ဖြင့် ၂၀၀၂-၂၀၀၃ ပညာသင်နှစ်မှ ၂၀၀၆-၂၀၀၇ ပညာသင်နှစ် အထိ ရှမ်းပြည်နယ် တောင်ပိုင်းနှင့် မြောက် ပိုင်းတွင် အခြေခံပညာ မူလတန်းကျောင်း စုစုပေါင်း(၁၀၂)ကျောင်းကို ဆောက်လုပ် ခဲ့ပါသည်။ အဆိုပါ ကျောင်းများ တည်ရှိရာ ကျေးရွာများတွင် ကျေးရွာဖွံ့ဖြိုးရေး ၀င်ငွေတိုးလုပ်ငန်း နှင့် စိုက်ပျိုး ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန်နှင့် နည်းပညာ ပြန့်ပွားစေရန်အတွက် ဆက်လက် အကောင် အထည် ဖော်ဆောင် ရွက်လျက်ရှိပါသည်။ သို့ပါသော် လည်း ယနေ့အထိ ကျေးရွာဖွံ့ဖြိုးရေးဝင်ငွေတိုး လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန်နှင့် နည်းပညာ ပြန့်ပွားစေရန် ဆောင်ရွက်ချက် များကို အကောင် အထည်ဖော် မဆောင်ရွက်နိုင် သေးသော ကျေးရွာများလည်း ကျန်ရှိပါ သဖြင့် အကောင်အထည် ဖော် ဆောင်ရွက်နိုင်ရန် စေတနာ အဖွဲ့မှ စီစဉ်ဆောင်ရွက် လျှက်ရှိပါသည်။ စေတနာအဖွဲ့ဧ။် “ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပညာသင်ကြားခြင်း စီမံကိန်း အဆင့် (၂)} ကို ရှမ်းပြည်နယ် တောင်ပိုင်း၊ မြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် ၂၀၀၇ခုနှစ်၊ ဇွန်လ(၁)ရက်မှ ၂၀၁၂ခုနှစ်၊ မေလ(၃၁)ရက်နေ့ အထိ အကောင် အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ပြီး၊ စီမံကိန်းကာလ (၅)နှစ်အတွင်း ကျောင်းဆောင် (၁၀၀)ဆောင်ကို ဆောက်လုပ်သွားမည် ဖြစ်ပါသည်။ အဓိကအားဖြင့် အခြေခံပညာ မူလတန်းကျောင်း ဆောင်များကို ဦးစားပေး ဆောက်လုပ်မည်ဖြစ် ပါသည်။ သို့သော် လည်း လိုအပ်ချက်မြင့်မားပြီး စေတနာအဖွဲ့၏ ကျောင်းရွေးချယ်ရေးမူ နှင့်ကိုက်ညီမှုရှိသော အခြေခံ ပညာအလယ် တန်းကျောင်း၊ အခြေခံပညာ အထက်တန်းကျောင်း များတွင်လည်း ကျောင်းဆောင် သစ်များ ဆောက်လုပ်ရန် စီစဉ် ဆောင်ရွက်မည်ဖြစ်ပါသည်။